ကိုယ့် အကြိုက်လေးတွေ . . .
March 17th, 2010 by ပန်းခင်းလေး
ကိုကျော်ညိုသွေးTag လို့  ကိုယ့်အကြိုက်တွေဆိုတဲ့ post ကိုချရေးရပါတော့ မယ် ..
ရေးဖို့ ဟန်ပြင်နေတာ ..အတော်ကြာသွားတယ် … ပန်းခင်းကြိုက်တာ ဘာတွေပါလိမ့် ဆိုပြီး
မနဲပြန်စဉ်းစားနေရလို့ လေ … ကိုယ်ဘာကြိုက်တယ်ဆိုတာတောင် မေ့ ချင်သလိုဖြစ်နေတာ
အမှုမဲ့  အမှတ်မဲ့ နေဖြစ်နေတာလေ ..ပန်းခင်းလဲ အကြိုက်တွေကို အစ်ကိုတော်လိုပဲ
အပိုင်းလေးတွေခွဲပြီး ပြောလိုက်မယ်နော် …
(၀ါသနာအကြိုက်)
စာဖတ်တာ ၀ါသနာပါတော့  သွားရင်းလာရင်း နှစ်သက်တဲ့  စာအုပ်လေးတွေတွေ့ ရင်
ဝယ်ပြီးစုတတ်တယ်။ သီချင်းနားထောင်တာကို နှစ်သက်တဲ့ အတွက်ကြောင့်
ညအိပ်ယာဝင်တိုင်း သီချင်းလေးနားထောင်ရင်းအိပ်ဖြစ်တယ်၊
နားထောင်ဖြစ်တဲ့ Music type ကတော့  POP သီချင်းအေးအေးလေးတွေပဲများတယ် ..
ကဗျာတွေ စာတွေရေးတာ ၀ါသနာပါတာမို့  စိတ်ကူးယဉ်ပြီး ကဗျာတွေရေးတတ်တယ် ၊
လက်မှုပညာနဲ့  ပက်သက်လို့  စက္ကူအရုပ်လေးတွေခေါက်တာ ၀ါသနာပါတယ် ၊
ကြယ်လေးတွေ ၊ ငှက်ရုပ်ကလေးတွေ ခေါက်တယ် …
state ကျောင်းတုန်းကတည်းက အကျင့်တွေလေ အခုထိမပျောက်သေးဘူး
ပြီးတော့  လက်ပတ်ကြိုးလေးတွေကျစ်တာလည်း ရသေးတယ် ..
ပန်းခင်း အစ်ကို,ကို ခဏ ခဏ ကျစ်ပေးဖူးတယ်။
သူက ကျပျောက်တတ်တဲ့ အကျင့်ရှိတော မကြာခဏ ကျစ်ပေးရတယ် ..
ပန်းခင်းလက်ပတ်ကြိုးကျစ်ရင် ကြိုးတွေဘာတွေ ထွေထွေထူးထူးမလိုဘူး …
အပ်ချည်ကြိုး တစ်လုံးနဲ့  သိုးမွှေးထိုးတံ တစ်ချောင်းရှိရင် လက်ပတ်ကြိုးတစ်ခု ဖန်တီးလို့ ရတယ် … ;)
(ပစ္စည်းအကြိုက်)
ပန်းခင်းက မိန်းကလေးဆိုတော့  ပစ္စည်းအကြိုက်နဲ့ ပက်သက်လာရင်…
Cosmetic ပစ္စည်း
မိန်းကလေးတစ်ယောက်အတွက် အလှအပနဲ့ ပက်သက်လာရင် မရှိမဖြစ်ပစ္စည်းတွေမို့ 
နှစ်သက်မိပါတယ်။
Fancy ပစ္စည်းတွေ
Fancy လေးတွေကလည်း ပန်းခင်းရဲ့ တစ်နေ့ တာမှာ အမြဲအသုံးပြုဖြစ်နေတာမို့  နှစ်သက်ပါတယ်။
အရုပ်
အရုပ်တွေကိုတော့  နှစ်သက်ပေမယ့်  သိပ်ပြီးမ၀ယ်ဖြစ်ဘူး .. သိမ်းရတာ ပင်ပန်းလွန်းလို့ 
လောလောဆယ်တော့  အရုပ်ဆိုလို့  ပန်းခင်းမွေးနေ့ တုန်းက ပန်းခင်းအစ်ကို ပေးထားတဲ့ 
အရုပ်လေးပဲရှိတယ်။ ကိုကြီးပေးထားတဲ့ လက်ဆောင်ဆိုတော့  သူနဲ့ ရန်ဖြစ်လို့ 
မနိုင်တဲ့ အခါ အဲ့ အရုပ်လေးက အထုအနှက်ခံပေါ့ လေ … အရုပ်လည်း မဆီမဆိုင်
အထုအနှက်ခံရတာ သနားစရာနော် .. အခုနောက်ပိုင်းတော့  သနားလို့ အထုမရိုက်ဖြစ်
တော့ ပါဘူး …
ရုပ်ကလေးကိုက ကြည့်ပါလား သနားစရာလေး …
(အရောင်အကြိုက်)
အရောင်တွေနဲ့ ပက်သက်ပြီး ပြောရမယ်ဆိုရင် .. ပန်းခင်း ငယ်ငယ်တုန်းကတော့ 
မိုးပြာရောင်လေးကို တော်တော်နှစ်သက်ခဲ့ တာ . . .
10တန်းပြီးတဲ့ အချိန်ကနေ တက္ကသိုလ်ပြီးတဲ့ အချိန်ထိတော့ 
အနီရောင်မှ အနီရောင်ဖြစ်ခဲ့ တာလေ …
တက္ကသိုလ်ပြီးတဲ့  အချိန်ကနေ ခုချိန်ထိကတော့ အ၀ါရောင်ကို ပဲနှစ်သက်နေမိတယ် …
အရောင်တွေအများကြီးထဲမှာ ဘယ်အချိန်ကြည့်ကြည့်
အ၀ါရောင်လေးကပဲ လှနေတယ် ..ပန်းခင်းကြိုက်လို့ လားတော့ မသိပါဘူး ..
(အ၀တ်အစားအကြိုက်)
အ၀တ်အစားနဲ့ ပက်သက်လာရင် နေရာဒေသအလိုက် သင့် လျော်အောင် ၀တ်ဆင်ရတာမို့ 
လွတ်လပ်ပြီး သက်တောင့်သက်သာဖြစ်စေတာမျိုးကိုပဲ ၀တ်တတ်တယ်။ ကိုယ့် စိတ်ကိုယ်
မွန်းကြပ်စေမယ့်  ၀တ်ဆင်မှုမျိုးကိုတော့ ပန်းခင်း ဝေးဝေးကရှောင်ပါ၏ …
(ဖိနပ်)
ဖိနပ်ဆိုရင်တော့  slipper လေးတွေပဲ စီးဖြစ်တာများတယ် .. အရပ်ရှည်သူဖြစ်တာကြောင့်
ဒေါက်ဖိနပ်နဲ့ လည်း အံမ၀င်ဘူးလေ … လမ်းလျှောက်ရင်လည်း စိတ်လောတတ်လို့ 
ဒေါက်ဖိနပ်နဲ့  ဘယ်လိုမှ အဆင်မပြေဘူး … ဖိနပ်အသစ်စီးတိုင်းလည်း အမြဲတမ်းဖိနပ်
ပေါက်တတ်တဲ့ အကျင့် ကရှိသေးတယ် ..
(အစားအသောက်အကြိုက်)
အစားအသောက်နဲ့  ပက်သက်လာရင် ငါးတို့  ပင်လယ်စာတို့ ဆိုရင် ပန်းခင်းလုံးဝမစားဘူး
အသီးအရွက်တွေကိုပဲ ခုံမင်စွာစားတတ်တယ် …။
- ကန်စွန်းရွက်ကြော် ( မောင်နှမတွေဆုံတဲ့ အခါတိုင်း ကြော်စားဖြစ်တဲ့ ဟင်းလေးဖြစ်သလို
ပန်းခင်းကိုယ်တိုင်လည်း အရမ်းနှစ်သက်တဲ့ ဟင်းပါ။ နေ့ တိုင်းကျွေးရင်တောင် ရိုးမသွားဘူး)
- လက်ဖက်သုပ် ( ပန်းခင်း ကျွမ်းကျွမ်းကျင်ကျင် လက်စွမ်းပြနိုင်တဲ့  လက်ဖက်သုပ်)
- ဘဲဥကြော် ၊ ဘဲဥချဉ်ရည်ဟင်း ( ဘဲဥဟင်းကို အရမ်းကြိုက်လွန်းလို့  5တန်းနှစ်တုန်းကတောင် သူငယ်ချင်းတွေက နာမည်ပေးခဲ့ ကြသေးတယ် ..“ ဘဲဥစန္ဒီ”ဆိုပြီးတော့ လေ
… )
- ဘူးညွန့် ဟင်းချို (ပန်းခင်းက မကြာခဏ (Busy) ဘူးသီး ,သီးတတ်လို့  ကြိုက်တာ ဟုတ်ဘူးနော်)
- မရမ်းသီးကြော် ၊ သရက်သီးကြော်၊ အာလူးကြော် ( မီးဖိုချောင်ထဲမှာ မကြာခဏ လက်စွမ်းပြဖြစ်တဲ့  ဟင်းတွေပါ )
- ရခိုင်မုန့် တီ (ရုံးပိတ်ရက်တိုင်း စားဖြစ်တယ် … အစပ်တွေအရမ်းစားလို့  ဖေဖေဆို ခဏခဏဆူတယ်)
- နန်းကြီးသုပ် ( မေမေမကြာခဏ လုပ်ကျွေးတတ်တဲ့ အစားအသောက်တွေထဲက တစ်ခုပါ။
ဒီရက်ပိုင်းတောင် အရမ်းစားချင်နေတာ . ကြက်တုပ်ကွေးဖြစ်နေတယ်
ချက်မကျွေးဘူးဆိုလို့ သာ ငြိမ်နေလိုက်ရတာ ..သိပ်တော့ အလျော့ ပေးချင်တာမဟုတ်ဘူး )
- ထမင်းပေါင်း (တက္ကသိုလ်ကျောင်းသူဘ၀တုန်းက နေ့ တိုင်းစားဖြစ်တဲ့ ထမင်းပေါင်းပေါ့ )
- ရှမ်းထမင်းချဉ် (ထူးထူးခြားခြားလေးပါ ။ ရှမ်းစာတွေထဲမှာ ဒီတစ်မျိုးပဲ စားလို့ ရတယ်လေ )
- မြန်မာမုန့် တွေ
- ရေခဲမုန့်  ( အထွေအထူးပြောရန်မလို … )
- အသီးအနှံ ( ကျန်းမာရေးအတွက်ကောင်းပြီး အသားအရေလှတဲ့ အတွက် နှစ်သက်တာပါ)
ဆက်ရေးရမယ်ဆိုရင် ပြီးမှာ မဟုတ်တော့ ဘူး .. ဒီလောက်နဲ့ ပဲတော်လိုက်မယ်
တော်ကြာ ပန်းခင်းကို အစားပုတ်တယ်ဆိုပြီး အသံလေးတွေ ညံလာရင် ဒွတ်ခနော်
ဘာတွေကို ဘယ်လိုနှစ်သက်တယ်ပဲ ဆိုဆို ရောက်တဲ့ နေရာမှာ အံဝင်အောင်နေတတ်
နေပါပြီ .. ကိုယ့် အကြိုက်တွေနဲ့ ပဲ အမြဲကြုံနေရရင်တော့  အပျော်ဆုံးပေါ့ ။
Tag post လေးကို ရေးပြီးပြီဆိုတော့  အစ်ကိုတော် ကျော်ညိုသွေးလည်း ကျေနပ်မယ်လို့ 
မျှော်လင့်ပါတယ်။ မောင်နှမတွေ အားလုံးလည်း ဘ၀မှာ ကိုယ်နှစ်သက်တဲ့ 
အရာတွေနဲ့ ပဲ အမြဲတမ်း ဆုံတွေ့ နိုင်ကြပါစေနော် …။
- 1 Comment »
- Posted in Tag post, ပန်းခင်း










